Saturday, 15 October 2011

ပန်းအိုး

   ဘယ်တော့ပွင့်လန်းရမှာလဲ
 နွေနေက အရေခွံကို ကျပ်တိုက်နေပါတယ်
 သေစာရှင် စာတွေပါ ကွာတဲ့
 သူ့အကိုင်း အခက် အလက်နဲ့
 သူ့စကားနဲ့က အံကြ  ၊၊
   ရိုးတံပျိုင်းပျိုင်း
 နေရာတိုင်းမှာ
 ကန္တာရ အနံက ဆွတ်ပျံနေတာ
 (လတပေါ်င်း) ရယ်တဲ့
 လိပ်ပြာတောင် မရှိတော့
 ဖူးပွင့်မယ့် သန္တေသား ဟာအဓိပါယ်မဲ့တော့
 မအောင်မြင်သော
 ညံ့သော
 စစ်ပွဲ တဲ့။
   အကောင်းဆုံး မွေးမြူခံရခြင်းများ
 အကောင်းဆုံးအ ဓိပါယ်မဲ့လို့။။
    ချစ်သောပိုးတုံးလုံးရေ
 ငါလာခဲ့ပါပြီ။။
    ချပ်...။
 အဆင်သင့် မိစ္ဆာရဲ့
 သံချေးအထပ်ထပ်နဲ့ ကပ်ကြေးဟာ
 မိခင်နဲ့ ငါနဲ့ကြားက အဆက်အသွယ်ကို
 ဖြတ်တောက်
 တွယ်ရာမဲ့တောင်ပံတွေကို ရက်စက်စွာ
 ဖြတ်တောက်
 မိုးခေါ်တဲ့ပိုးကြိုးကို
 ဖြတ်တောက်
 သဘာဝနဲ့ အဆက်အသွယ်ပြုခြင်းကို
 ဖြတ်တောက်
 ငါ့ ဘ၀ကို လူတွေရှေ့မှာ
 လှပစွာ သေဆုံးပြဖို့
 ခေါ်လာခဲ့တော့တယ်
 အငုံဘ၀နဲ့။    ။
                          ဇော်ရွှေ

No comments:

Post a Comment